လွိုင်လင်မြို့၌ စားသုံးသူမိဘပြည်သူများအား အခြေခံစားသောက်ကုန်များ သက်သာသော‌ ဈေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့၌ စားသုံးသူမိဘပြည်သူများအား အခြေခံစားသောက်ကုန်များ သက်သာသော‌ ဈေးနှုန်းဖြင့် ရောင်းချပေး

 


MNP - စက်တင်ဘာ  ၂၅


ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လွိုင်လင် တပ်နယ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ‌ဒေသခံ  မိဘပြည်သူများအတွက်  အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်များကို ယနေ့နံနက် (၈)နာရီက မြို့မဈေးကြီးရှေ့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။


ထိုသို့ ရောင်းချရာတွင် ဒေသဆန်(ရှမ်းဆန်) တစ်ပြီလျှင် ၂၀၀၀ ကျပ်၊ ဆီတစ်ဗူးလျှင် ၂၀၀၀ ကျပ်၊ ကြက်သားတစ်ပိသာလျှင် ၈၀၀၀ ကျပ်၊ ကြက်ဥ ခုနှစ်လုံးလျှင် ၁၀၀၀ ကျပ်နှင့် ဟင်းသီးဟင်းရွက်များကို  နယ်မြေခံ လွိုင်လင်တပ်နယ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


အဆိုပါ စားသောက်ကုန်များရောင်းချရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ ကြီးကြပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)