လှိုင်းဘွဲမြို့နယ် ဌာနဆိုင်ရာ စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့၊ ပိုင်ကျုံမြို့ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် ဌာနဆိုင်ရာ စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့၊ ပိုင်ကျုံမြို့ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေး



MNP - စက်တင်ဘာ   ၂၅


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊အမှတ်(၃)ရပ်ကွက်ရှိ အနှိုင်းမဲ့ ဆုပန်ပြည့်စေတီ   ဓမ္မာရုံခန်းမ၌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာနေပြည်သူများနှင့်    မြို့နယ်အဆင့် ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။


မြို့နယ်အဆင့်ဌာနဆိုင်ရာ စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ပြည်သူများတွေ့ဆုံပွဲတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းသန်းက ဌာနဆိုင်ရာစစ်ကြောင်းကြီး (၅)ကြောင်း  ဖွဲ့စည်းပုံ အဖြင့် ပါဝင်ကြသည့်  ကာကွယ်ရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးစစ်ကြောင်း၊ ပညာရေးစစ်ကြောင်း၊ ကျန်းမာရေး စစ်ကြောင်းများတွင်ပါဝင်ကြသည့် မြို့နယ် အဆင့်ဌာန ဆိုင်ရာတာဝန်ခံများကို မိတ်ဆက်ပေးခဲ့ပြီး မိမိတို့ရပ်ကွက်နှင့် ကျေးရွာအတွက်လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် လိုအပ်သည်များ၊ ကုန်ထုတ် လုပ်ရေးအတွက် လိုအပ်သည့် လမ်း၊ တံတားများကို   ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြစေလိုကြောင်း အဖွင့် အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး တင်ဝင်းထွန်းမှ  နယ်မြေဒေသတည်ငြိမ် လုံခြုံရေး အတွက်နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူလူ ထုနှင့်အတူ  ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းထွန်းမှ နယ်မြေ တွင်း တရာဥပဒေစိုးမိုးရေး၊   ရပ်ရွာအေးချမ်း တည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှု အန္တရာယ်များကို   ကြိုတင်ကာကွယ်ကြရမည့်နည်း  လမ်းများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) မြို့နယ်ရပ်မိ၊ ရပ်ဖဦးသိန်းဇော်က ပြည်သူများကျန်းမာရေးအတွက် မိမိတို့ပူးပေါင်းဆောင်ရွက် နေလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိုးခြင်းလုပ်ငန်းများတွင် ကျန်းမာရေး ဌာနကို ကူညီသည့်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို  အကြိမ်ပြည့်ထိုးနှံကြစေလိုကြောင်း    ဆွေးနွေးပြော ကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  လူဝင်မှုကြီး ကြပ်ရေးနှင့်    အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသား မှတ်ပုံတင် ကဒ်ပြားများကို မိမိတို့ဌာနမှ    ယခုတွေ့ဆုံ ဆွေးနွေးပွဲတွင် တစ်ပါတည်းဆောင်ရွက် ပေးလျက်ရှိကြောင်း ရှင်းပြခဲ့သည်။


ဆက်လက်ပြီး ကျန်းမာရေး၊ ပညာရေး၊စိုက်ပျိုးရေးဦးစီးဌာန၊မြေစာရင်းဦးစီးဌာန၊မြိုနယ် လယ်ယာ စီးပွားရေးဘဏ်၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊  မြို့နယ် လျှပ်စစ်ရုံး၊   မြို့နယ် စီပင်သာယာရေးအဖွဲ့၊ မြိုနယ်လမ်းဦးစီးဌာန၊ မြိုနယ်ကျေးလက် လမ်းဦးစီးဌာန၊ တာဝန်ခံတို့က ရပ်ကွက်နှင့်  ကျေးရွာနေ ပြည်သူများမှ တင်ပြဆွေးနွေးခဲ့ကြသော ကျန်းမာရေးကဏ္ဍ၊ လမ်းတံတား၊ ရေနုတ်မြောင်းကဏ္ဍ၊   စိုက်ပျိုးရေး၊ မွေးမြူကဏ္ဍ၊ လျှပ်စစ်မီးရရှိရေးကဏ္ဍ၊ ပညာရေး ကဏ္ဍ၊  လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်   ပုံစံ(၇)ရရှိရေးစသည်တို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် သက်ဆိုင်ရာမြို့နယ်အဆင့်၊ မြို့အဆင့်ဌာနဆိုင်ရာ   တာဝန်ခံများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကိုပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပြီးနောက် ပြည်သူများက ပြုပြင်ပေးစေလိုသော လမ်း၊တံတားအခြေအနေများကို ဌာနဆိုင်ရာ များစုပေါင်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေး ပေးခဲ့ကြ ကြောင်း သိရှိရသည်။


သတင်း - လင်းသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)