တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

 


MNP - စက်တင်ဘာ  ၂၅


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိရေးအတွက် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းကို ဩဂုတ်လမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီး၊ ဘက်စုံသုံးခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန် (၃)ရပ်ဖြစ်သည့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန် ဟူသည့်ရည်မှန်းချက်တာဝန်များကို ပြည်သူ့ဆက်ဆံရေးနှင့် ပေါင်းစပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရာ ယခုဖွင့်လှစ်သည့် သင်တန်းသည်လည်း ရည်မှန်းချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ခေတ်နှင့်လျော်ညီသည့် Internet, Computer, English (ICE)ပညာများကို တတ်ကျွမ်းရန်လိုအပ်ပြီး ၎င်းပညာများကို အခမဲ့သင်ယူနိုင်ရန်အတွက် ယခုကဲ့သို့သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်ခန်းစာများကို စေတနာအပြည့်ဖြင့် သင်ကြားပို့ချပေးခဲ့သော သင်တန်းနည်းပြများအား ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းတွင်လေ့လာသင်ယူခဲ့သော သင်ခန်းစာများကို အမြဲပြန်လည် လေ့လာဆောင်ရွက်နေရန် လိုအပ်ကြောင်းသင်တန်းပြီးစီးပြီ ဖြစ်သော်လည်း Community Centre သို့ အမြဲတမ်းလာရောက်အသုံးပြုနိုင်ပါကြောင်း ပြောကြားသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အခြေခံ ကွန်ပျူတာသင်တန်းတွင် သင်တန်းသားထူးချွန်ဆုရ ဦးသက်မျိုးကျော်အား ဂုဏ်ပြုဆုကို လည်းကောင်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့်က သင်တန်းနည်းပြများအား ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက သင်တန်းဆင်း လက်မှတ်များအားလည်းကောင်း အသီးသီး ချီးမြှင့်ပေးကြသည်။


ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသား ဦးကျော်ဝဏ္ဏက ကျေးဇူးတင်စကား ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


သတင်း - ဇော်နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)