စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ရေနံချောင်းမြို့နယ် ချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ရေနံချောင်းမြို့နယ် ချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့်တွေ့ဆုံ

 



MNP - စက်တင်ဘာ   ၁၂


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်းမြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက် ၁၁ နာရီက မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ရုံးကုန်းကျေးရွာအုပ်စု မိုးနှောင်းချည်မျှင်ရှည်ဝါ ငွေချည်-၁၁ မျိုးစေ့ထုတ် ဒေသခံဝါစိုက်တောင်သူများနှင့် စံပြဝါစိုက်ခင်းရှိ ယာယီရှင်းလင်းဆောင်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။


ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ချည်မျှင်ရှည်ဝါ အထူးဇုံစိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်း ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် တက်ရောက်လာသည့်တောင်သူများက လုပ်ငန်းလိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မိုးနှောင်းချည်မျှင်ရှည်ဝါ ငွေချည်-၁၁ မျိုးစေ့ထုတ်စိုက်ခင်း စံပြဝါစိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အဆိုပါတွေ့ဆုံပွဲသို့ ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့်အဖွဲ့ဝင်များ၊ ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရုံးကုန်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူ ၁၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)