ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ “ခေါင်းဆောင်မှုလျှို့ဝှက်ချက် “စာအုပ် ဖြင့် စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ “ခေါင်းဆောင်မှုလျှို့ဝှက်ချက် “စာအုပ် ဖြင့် စာဖတ်ဝိုင်းပြုလုပ်


MNP ၊ စက်တင်ဘာ  ၁၂

မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး ၊လူထုအခြေ ပြုဗဟိုဌာန ( CommunityCentre)ခန်းမတွင်စက်တင်ဘာ  (၁၂) ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်ရေးသားသည့် “ခေါင်းဆောင် မှုလျို့ဝှက်ချက်“ စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကိုပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့ပြီး (Youth  Club )အဖွဲ့ဝင် ဦးပြည့်ဖြိုးမောင် ၊(Woman Club)အဖွဲ့ဝင် ဒေါ်သင်းသင်းထွေး နှင့် (Youth Club) အဖွဲ့ဝင် ဒေါ်မြတ်နန်းအိမ် တို့က ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် လူငယ် လူရွယ်များ က စာအုပ်ပါအကြောင်း အရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ် ၊လူရွယ်များ ၊စာဖတ်သည့်အလေ့အကျင့် ရှိလာစေရန် ၊စာပေမှ ရရှိသည့်အသိ ပညာဖြင့်သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူး ပေါင်းဆောင်ရွက် တတ်သည့် အလေ့ အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ် ကြောင်းသိရသည်။


ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)