မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၃၈ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေသိန်း ၃၈၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၃၈ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေသိန်း ၃၈၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

 


MNP - စက်တင်ဘာ   ၁၂


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၃၈ ရွာတွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ သိန်း ၃၈၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီး ကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် ကျေးရွာ ၁၈ ရွာ၊ မလှိုင်မြို့နယ်တွင် ကျေးရွာ ၈ ရွာ၊  သာစည်မြို့နယ်တွင် ကျေးရွာ ၈ ရွာနှင့် ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ ၄ ရွာတို့တွင် ကျေးရွာတွင်းလမ်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ၊ ရေပေးဝေရေးလုပ်ငန်းများကို ကျေးရွာ တစ်ရွာလျှင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း (၁၀၀)နှင့် ကျေးရွာ လူထု၏ လပ်အားတို့ဖြင့် သြဂုတ်လ တတိယပတ်မှစတင်၍ သက်ဆိုက်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူကျေးရွာသားများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ဆောင်ရွက်မှုလုပ်ငန်းအဆင့်ဆင့် ရေးဆွဲနည်းသင်တန်းများ ပို့ချခြင်း၊ လုပ်ငန်းများဆောင်ရွက်ရန် ဦးစားပေးရွေးချယ်ခြင်း၊ ကျေးရွာသူကျေးရွာသားများ၏ ပူးပေါင်းပါဝင်၍ အဖွဲ့အစည်းနှင့် ဆောင်ရွက်စေသော အလေ့အကျင့်များ လေ့ကျင့်ပေးခြင်းတို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဖွဲ့အစည်းဖြင့် ဆောင်ရွက်တက်ခြင်း၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်တက်သော အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ သဘာဝဘေးများနှင့် ကြုံတွေ့လာပါက တုံ့ပြန်မှုကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)