MNP - စက်တင်ဘာ ၂၉
မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ် သီတာက အမှာစကား ပြောကြားပြီး ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောကြည်လင်းက မိမိတို့ဌာနအနေဖြင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများအပြင် အခြားအသက်မွေး ဝမ်းကျောင်းကာလတို သင်တန်းများဖြစ်သော စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း စသည့် ပြည်နယ်အတွင်း လိုအပ်သောဒေသများသို့ သွားရောက်ပို့ချ ပေးလျက်ရှိကြောင်း၊ အခြေခံလူသုံး ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ရေချိုးဆပ်ပြာရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ ကိုယ်တိုက်ဆပ်ပြာနှင့် ပန်းကန်ဆေးဆပ်ပြာရည် စတာတွေကို သင်ကြားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းမှ သင်တန်းသား/ သူများအား ကိုယ်တိုင်သင်ယူထားရှိသော ဆပ်ပြာရည်များကို သင်တန်းသား/သူများအား လက်ဆောင်ပေးအပ်သည်။ အဆိုပါသင်တန်းကို စက်တင်ဘာလ (၂၃)ရက်နေ့မှ စက်တင်ဘာလ (၂၇) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment