ဟင်္သာတမြို့နယ်တွင် သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းချိုသာသော သဘာဝရေချိုငါးများ ပြည်သူ များသို့ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းချိုသာသော သဘာဝရေချိုငါးများ ပြည်သူ များသို့ရောင်းချ




MNP - စက်တင်ဘာ   ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးမွေးကန်ပိုင်ရှင်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် အတွက် ငါးများကို ဈေးနှုန်းချိုသာစွာဖြင့် ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ် ဟင်္သာတရုပ်အဝိုင်းနှင့် လူစည်ကားရာနေရာတို့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချရာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီး ဌာနက ငါးရိက္ခာဖူလုံစေရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေး၊ ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သန့်ရှင်း လတ်ဆတ်သော ငါးများစားသုံးနိုင်စေရန် ရည်ရွယ်ပြီး ဟင်္သာတမြို့နယ်ရှိ အင်းသားကြီးများနှင့် ပူးပေါင်းကာ မြို့ပေါ်ရှိရပ်ကွက်များသို့ သဘာဝ ရေချိုငါး တစ်ပိဿာလျှင် ၂၅ဝဝိ/- ကျပ်ဖြင့် ငါးပိဿာ(၂ဝဝ)ကို အိမ်ထောင်စု (၅ဝဝ)သို့ ဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့သည်။


အဆိုပါ ရောင်းချပေးခဲ့ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)