အစွန်းရောက် အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံတွင် အလှူခံပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်နေသူတစ်ဦးက သံဃာတော်များကို ရိုင်းစိုင်းစွာ စော်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစွန်းရောက် အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံတွင် အလှူခံပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်နေသူတစ်ဦးက သံဃာတော်များကို ရိုင်းစိုင်းစွာ စော်ကား


MNP ၊ စက်တင်ဘာ ၂၈

ထိုင်းနိုင်ငံတွင် နေထိုင်ပြီး PDF အကြမ်းဖက်အဖွဲ့အတွက် ဟု ဆိုကာ မြန်မာအလုပ်သမားများထံမှ အနိုင်ကျင့် ခြိမ်းခြောက်၍ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသူ ရဲမင်း ဆိုသူသည် သူ၏ လူမှုကွန်ရက်စာမျက်နှာမှ သံဃာတော်များကို ရိုင်းစိုင်းစွာ ရေးသားစော်ကားထားသည်။

ရဲမင်း ၏ ရေးသားစော်ကားမှုတွင် "ဒီအချိန် ဒီကာလကြီးမှာ ဘုရားတည် ကျောင်းဆောက်ဖို့ အလှူခံနေကျတာ မရှက်ကြဘူးလား။ ဗုဒ္ဓက စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်ကြောင်း ဟောတယ်။ ဗုဒ္ဓ၏ သားတော်တွေက ဘုရားတည် ကျောင်းဆောက်ပြ။ ရုပ်ပိုင်းဆိုင်ရာတွေပဲ အားထုတ်ပြီး အလှူခံနေကြတယ်။ ရွှေရောင်ဖိတ်ဖိတ်တောက်နေတဲ့ ဘုန်းကြီးကျောင်းထဲက အိစက်နေတဲ့ ဆက်တီခုံမွေ့ယာကြီးပေါ်  i phone ပွတ်ရင်း ဘောလုံးပွဲလောင်း ချဲဒိုင်ကိုင် မြဝတီနယ်စပ်က ပို့လာ တဲ့ ဝစ်သောက်ကားအကောင်းစားကြီးတွေစီး ကျောင်းမှာ ဒါကာမတွေ တရုံးရုံးနဲ့ ဖောင်းဒိုင်းဇာတ်တွေက နေကြတာ ခုလိုကာလကြီးမှာ ပျော်ပါရဲ့လား ကိုယ်တော်တို့" ဟု ရိုင်းစိုင်းစွာ ရေးသားစော်ကားထားခြင်း ဖြစ်သည်။

သူ၏ ရေးသားဖော်ပြချက်တွင် "လက်တွေ့ ကျင့်သုံးရေး ဗုဒ္ဓရဲ့ အဖိုးတန် ဓမ္မတွေဟာလဲ အရွတ်အဖတ်တွေနဲ့ ဖော်ရှိုးဖြစ်ကုန်တယ်။ ပြည်သူကပ်တဲ့ ဆွမ်းတွေစားပြီး ပြည်သူတွေရဲ့ မျက်ရည်အပူ ဒုက္ခတွေကျတော့ မသိချင်ယောင် ဆောင် ပြည်သူကို ရက်စက်ယုတ်မာနေတဲ့ အကြမ်းဖက်မအလကို အဆိပ်ပင်ရေလောင်းနေသော မျိုးစေ့မမှန်သည့် ဗုဒ္ဓရဲ့ တုအယောင်သားတော် အချို့ကြောင့် ဗုဒ္ဓကို အားနာတယ်" ဟု ရေးသားထားသည်။

ရဲမင်းဆိုသူ၏ ရေးသားစော်ကားမှုအပေါ် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးက " အောက်လမ်းသွားမဲ့ အောက်တန်းစား။ ဘုရားတည်ကျောင်းဆောက်တာ လူသတ်လက်နက်ဝယ်နေတာမဟုတ်သလို လူသတ်ဖို့ အားပေးနေတာလဲ မဟုတ်ဘူး။ မလှူမနေရလို့ ဓားပြတိုက်နေတာလဲ မဟုတ်ဘူး။ ဘာတွေလိလိလားလား ပြောနေလဲ။ ဝိနည်းနဲ့မညီလို့ ကိုယ်မကြည်ညိုရင် မလှူနဲ့။ ဘယ်သူမှ တရားမစွဲဘူး။ အကျင့်သီလပျက်နေတဲ့ဘုန်းကြီးကို လှုရင်လဲ သံဃာ့ဂုဏ်ကို ရည်မှန်းလှုရင် ဘယ်လိုအကျိုးရှိတယ်ဆိုတာ တရားလဲမနာဖူး၊ စာတွေလဲ ဖတ်ဖူးပုံမရဘူး။ အသက်လဲမငယ်တော့ဘူး။ ဆက်မိုက်လိုက်အုန်း။ သနားစရာသတ္တဝါကောင်။" ဟု တုန့်ပြန်ထားသည်။

ကိုရဲနောင်ဆိုသူ က " ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ မင်းတို့လိုဟာတွေကို မေတ္တာထားလဲအပိုပဲဆိုတာ ဘုရားသားတော်တွေသိကြတယ်လေ။ ရဟန်းတွေကျင့်သုံးနေကြ ကိုယ်ပြုသည့်ကံ ကိုယ်သာခံ ကိုယ့်လမ်းကိုယ်သွားရမယ် ဆိုတဲ့အတိုင်းမင်းတို့ကိုကြည့်နေတာလေ။ အဲ့လိုကြည့်နေတာတောင်ခုလို ထ ထပီးစော်ကားနေတာ။ ခွေးကိုအမေခေါ်တဲ့ကောင် ရဲမင်းက ရှစ်ထပ်မှာ အောက်ဆုံးထပ်ကို မြန်မြန်ရောက်ချင်နေတာလား။ ရဲမင်းရ မကြာပါဘူးဟ။ ရောက်တော့မှာပါမင်းတို့အဖွဲ့တွေ။" ဟု တုန့်ပြန်ပြောဆိုထားသည်။

ရဲမင်း ၏ ရေးသားစော်ကားမှုအပေါ် "တိုင်းပြည်ပျက်အောင် ပြည်သူလူထုတွေ သွေးသန်ရဲရဲနဲ့သေကြအောင် ဖန်တီးမှုတွေကို အားပေးတာက ကိုယ်တိုင်ကျူးလွန်တာနဲ့အတူတူဘဲ။ လောကဥပဒေကလည်း ဒီတိုင်းလာတယ်။ ဗုဒ္ဓဥပဒေကလည်း ဒီတိုင်းလာတယ်။ မင်းတို့အာဏာရူးတိုင်း အကုန်လိုက်ရူးရအောင် ပြည်သူတွေအားလုံးက ငတုန်းတွေကြီးမဟုတ်ကြဘူး။" ဟု ရေးသားတုန့်ပြန်ထားသည်ကို တွေ့ရသည်။

ရဲမင်း ဆိုသူသည် NLD အစွန်းရောက်များ စတင်အကြမ်းဖက်လှုပ်ရှားသည့်အချိန်မှ စ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ အလှူငွေကောက်ခံပေးခြင်း၊ လက်နက်ဝယ်ပေးခြင်းများဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာအလုပ်သမားများအပေါ် နိုင့်ထက်စီးနင်း ပြုကာ အလှူငွေများ ကောက်ခံပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်နေသူတစ်ဦး ဖြစ်သည်။

NLD အစွန်းရောက်အများစုသည် ၎င်းတို့၏ အကြမ်းဖက်လှုပ်ရှားမှုများအပေါ် သံဃာတော်များက အားပေးကူညီထောက်ပံ့ခြင်း မရှိသည့်အပေါ် သံဃာတော်များအပေါ် ရိုင်းစိုင်းစွာ စော်ကားပြောဆိုမှုများ ပြုလုပ်နေကြသည့်အပြင် အကြမ်းဖက်လှုပ်ရှားသူများက သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ်လျက်ရှိရာ NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၅၆ ပါး အပါအဝင် အပြစ်မဲ့ ပြည်သူပေါင်း ၃၆၀၀ ကျော်အထိ သေဆုံးခဲ့ရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)