သာပေါင်းမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - စက်တင်ဘာ   ၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာအေးက တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း အဆိုပြုချက်များကို နောက်ဆက်တွဲ(က)၊ နောက်ဆက်တွဲ(ခ)ပုံစံများမှာ သတ်မှတ်ချက်များနှင့်အညီ တင်ပြလာတဲ့ လုပ်ငန်းများအားလုံးကို မကျန်စေရအောင် ဦးစားပေး အစီအစဉ်များဖြင့် တင်ပြပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးသို့ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်းရင်းနှီးမြုပ်နှံမှု အစီအစဉ်များ ရေးဆွဲတင်ပြနိုင်ရေးအတွက် ဌာန(၁၄)ဌာနမှ တိုင်းဒေသကြီးဘတ်ဂျက်တွင် တင်ပြမည့် ပထမဦးစားပေး၊ ဒုတိယဦးစားပေး လုပ်ငန်းများ ဆွေးနွေးအတည်ပြု၍ ပုသိမ်ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီသို့ တင်ပြနိုင်ရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)