လောက်ကိုင်မြို့၌ ပြည်ထောင်စု(၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လောက်ကိုင်မြို့၌ ပြည်ထောင်စု(၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

 


MNP - စက်တင်ဘာ   ၁၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ လောက်ကိုင်မြို့၌ ပြည်ထောင်စု (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်း အနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး(ကဇာတ်ရုံ)တွင် ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြည်ထောင်စု(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များ အပေါ်ထပ်ဆင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး အတွင်းရေးမှူး ဦးမိုးဇော်လတ်က ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ဒေသ/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေအား လူတစ်ဦးလျှင်အနည်းဆုံး ကာကွယ်ဆေး အကြိမ်အရေအတွက် ၄ ကြိမ်ပြည့်အောင် ထိုးနှံကြရမှာဖြစ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန်လည်စတင်နေပြီဖြစ်သဖြင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြရန်၊ အလေးထားဆောင်ရွက်ကြရန်နှင့် ကြီးကြပ် ဆောင်ရွက် ပေးကြရန် တို့ကို ထည့်သွင်း ပြောကြားခဲ့သည်။


ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးမှ လောက်ကိုင်မြို့အတွင်း လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း ဒုစရိုက်များကင်းရှင်း စေရေး၊ မဖြစ်ပေါ်စေ ရေးနှင့် ပပျောက်ရေးတို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်နှင့် အဖွဲ့ဝင်များ၊ ဒေသ/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုန်းကြမ်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - ယု


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)