တာလေမြို့၌ အမှိုက်များကိုစနစ်တကျစွန့်ပစ်ရေးနှင့်သန့်ရှင်းသာယာရေး စက်ယန္တရားများဖြင့် ရှင်းလင်းဖယ်ရှား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာလေမြို့၌ အမှိုက်များကိုစနစ်တကျစွန့်ပစ်ရေးနှင့်သန့်ရှင်းသာယာရေး စက်ယန္တရားများဖြင့် ရှင်းလင်းဖယ်ရှား




MNP - စက်တင်ဘာ   ၂၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၌ မြို့အဝင်အထွက်နှင့် မြို့တွင်းလမ်းဘေးဝဲယာများ သန့်ရှင်းသပ်ရပ်စေရေးအတွက် အမှိုက်သရိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများမပြုလုပ်စေရေး၊ သတ်မှတ်နေရာများတွင်သာ စွန့်ပစ်စေရေးနှင့် အမှိုက်များကို စက်ယန္တရားဖြင့် ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက စည်ပင်သာယာရေးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


တာလေမြို့တွင် အမှိုက်သရိုက်များကို သတ်မှတ်နေရာများတွင်သာစွန့်ပစ်စေရန်နှင့် မြို့အဝင်အထွက်နှင့်မြို့တွင်း လမ်းဘေးဝဲယာတစ်လျှေက်၌ သန့်ရှင်းသာယာလှပစေရေး၊ မိဘပြည်သူများက အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းများ မပြုလုပ်စေဘဲ စနစ်တကျစွန့်ပစ်စေရေးနှင့် အမှိုက်ပုံရှိအမှိုက်များကို စက်ယန္တရားများဖြင့် ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးဌာနမှ မြို့ဦးစီးမှူး ဦးမနားရွှီးထံမှ သိရသည်။


သတင်း - အောင်ကျော်မိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)