ကျုံပျော်မြို့နယ်၊ သိမ်ကုန်းကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၅၆)စုအား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျုံပျော်မြို့နယ်၊ သိမ်ကုန်းကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၅၆)စုအား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချ



MNP - စက်တင်ဘာ   ၂၁


အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာ ရရှိစေရန်နှင့် ကျေးရွာပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် သိမ်ကုန်းကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၅၆)စုအား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အထောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက အိမ်ထောင်စု တစ်စုအတွက် ဆန်(၂)ပြည် ကြက်ဥ(၅)လုံးနှင့် ဟင်းသီးဟင်းရွက် မျိုးစုံတို့အား ငွေကျပ်(၂၅၀၀)ဖြင့် အထူးဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့အခြေခံစားကုန်များ ဈေးနှုန်းချိုစွာဖြင့် ရောင်းချခြင်းကို ကျုံပျော်မြို့နယ်တွင် စက်တင်ဘာလ ပထမပတ်မှစတင်၍ ဆောင်ရွက်လျှက်ရှိပြီး၊ ကျုံပျော်မြို့ရှိ ပင်လုံ၊ တေဇ၊ မြဝတီနှင့် အောင်ဆန်းရပ်ကွက်များအတွင်း၊ အထောင်မြို့ရှိ ရပ်ကွက်များအတွင်း၊ ၎င်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် လိုက်လံဆောင်ရွက် ပေးလျက်ရှိကာ လာရောက် ဝယ်ယူကြသူများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)