လေးမျက်နှာမြို့နယ်တွင် ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်

 


MNP - စက်တင်ဘာ  ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာအုပ်စု ပန်းတောကြီးကျေးရွာနှင့် ကွင်းကြီးကျေးရွာအုပ်စု ဇီးပင်ကွင်းကျေးရွာတို့တွင် ယမန်နေ့ နေ့လည်ပိုင်း၌ ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက လာမည့်ဆောင်းရာသီတွင် နေကြာသီးနှံ တိုးချဲ့စိုက်ပျိူးနိုင်ရေး၊ နေကြာစိုက်ပျိူးမည့် တောင်သူများ မျိူးစေ့လိုအပ်ချက်များရှိပါက အခက်အခဲမရှိစေရန် ချိတ်ဆက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ နေကြာသီးနှံစိုက်ပျိူးရာတွင် လိုအပ်သည့် နည်းပညာ အကူအညီများအား သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းအသိပညာပေး သွားမည်ဖြစ်ကြောင်းနှင့် ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်မှ ကျေးရွာနေပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေး၊ လုံခြုံရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာကြရန်၊ ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုတ် ဆောင်းကြရန်၊ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask)တပ်ဆင်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်မှ ပန်းတောကြီးကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း VDP စီမံကိန်းမှာ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေကျပ် သိန်း(၂၀) စုစုပေါင်းကျပ် သိန်း(၁၂၀)ဖြင့် အရှည် ၆၄၅ ပေ၊ အကျယ် ၈ ပေ၊ ထု ၇ လက်မ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းအားလုံး၏ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် ကွင်းကြီးကျေးရွာအုပ်စု ဇီးပင်ကွင်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းမှာ နိုင်ငံတော်ခွင့်ြ ပုငွေကျပ်သိန်း(၁၀၀)ဖြင့် အရှည် ၂၆၀၀ ပေ၊ အကျယ် ၁၄ လက်မ၊ ထု ၆ လက်မ မြေရောကျောက်ခင်းခြင်းလုပ်ငန်းနှင့် အရှည် ၂၁၀၀ ပေ၊ အကျယ် ၃ ပေ၊ ထု ၃ ပေ မြေသားတာဘောင်ဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းအားလုံး၏ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် ဟင်္သာတခရိုင် စိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးသော်ဇင်မောင်မှ စိုက်ပျိူးရေးကဏ္ဍနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး လေးမျက်နှာ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်မှ မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ရှင်းလင်းပြောကြားကာ ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက VDP စီမံကိန်းထောက်ပံ့ငွေများ လွဲပြောင်းပေးခဲ့သည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)