သာပေါင်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်း(၁၉၀)ဦး ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်း(၁၉၀)ဦး ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံခဲ့



MNP - စက်တင်ဘာ   ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဌာနဆိုင်ရာ ဝန်ထမ်း(၁၀၀)ဦးတို့ကို booster ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးခဲ့သည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိပြီး သာ‌ပေါင်းမြို့နယ်အတွင် ဌာနဆိုင်ရာဝန်ထမ်း(၃၄၇)ဦးတို့ကို ဩဂုတ်လ ၂၅ ရက်နေ့မှစတင် တနင်္လာ၊သောကြာနေ့များတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပညာရေးဌာနမှ ဆရာ၊ ဆရာမ(၅၉)ဦး၊ ကျန်းမာရေးဌာန(၄)ဦး၊ မြေစာရင်း(၅)ဦး၊ သမ(၆)ဦး၊ ကော်မရှင်(၅)ဦး၊  ကျေးလက်(၃)ဦး၊ ငါးလုပ်ငန်း(၇)ဦး၊ လဝက(၂)ဦး၊ စိုက်ဘဏ်(၃)ဦး၊ မီးသတ်(၅)ဦး၊ မွေးကု(၁)ဦးနှင့် ယခင်နေ့များက ဌာနဆိုင်ရာ ဝန်ထမ်း(၉၀)ဦး ပေါင်း(၁၉၀)ဦးတို့ ကျန်းမာရေးဌာနတွင် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခဲ့ကြပြီး ကျန်ရှိဝန်ထမ်းများ သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)