MNP - စက်တင်ဘာ ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရုံးခွဲ တည်ဆောက်နေမှုနှင့် မြို့ပေါ်ရပ်ကွက်များ အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဝိုင်းမော်မြို့နယ် ရပ်ကွက် (၃)တွင် တည်ဆောက်လျက်ရှိသည့် 33/11KV(10)MVA ကီလိုဝပ်ရှိ ဓာတ်အားပေးရုံးခွဲ တည်ဆောက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း တင်ပြခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးမှ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်စေရေး၊ အချိန်မီ စောလျင်စွာပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားကာ အဆိုပါ တည်ဆောက်မှုပြီးစီးပါက ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာနှင့် ရပ်ကွက်များကို (၂၄) နာရီအချိန်ပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ်အတွင်း ပြီးစီးခဲ့သည့် ဝိုင်းမော်မြို့နယ် အမှတ် (၁)၊ (၅) ရပ်ကွက်လမ်းတွင် ကတ္တရာထပ်ပိုးလွှာခင်းကျင်းခြင်း ပြီးစီးခဲ့သည့် အရှည် (၆၀၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၃) လက်မ လမ်းအပိုင်းနှင့် အမှတ် (၄)ရပ်ကွက်၊ လမ်းသွယ် (၁၆) တွင် သဲကျောက်လမ်းမှ ကတ္တရာ လမ်းသစ် ခင်းကျင်းခြင်းလုပ်ငန်းတွင် ပြီးစီးခဲ့သည့် အရှည် (၈၇၀) ပေ၊ အကျယ် (၁၄) ပေ၊ ထု (၉)လက်မ လမ်းအပိုင်းတို့ သတ်မှတ် စံချိန်စံညွှန်းနှင့် အညီ ပြည့်မီစွာ ခင်းကျင်းဆောင်ရွက်ခြင်း ရှိ/ မရှိတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်း - ဖြူစင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment