မောင်တောမြို့၌ (၇၅)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ (၇၅)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားပြုလုပ်







MNP ၊  စက်တင်ဘာ   ၉

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌  ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ ၈ ရက်နေ့တွင် ကျ ရောက် သော (၇၅)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားကို ယမန်နေ့က အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ (၇၅)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားအဖြစ် ကျောင်းသား/သူ လေးများက   ဝ ထ က လ သ သီချင်းဖြင့် သီဆို ဖွင့်လှစ် ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ  ကိုယ်စား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ   ဦးကံထွန်းအောင်က  နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ပေါ်ပေါက်လာရခြင်း ၊ မြန်မာ နိုင်ငံမှ နိုင်ငံတကာ စာတတ်မြောက်ရေး နေ့တွင် လှုပ်ရှားဆောင်ရွက်ခဲ့ပုံများ ၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ စာတတ်မြောက်ရေးအတွက် ကာလအပိုင်းအခြား (၃)ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့မှုများနှင့် ထိုသို့ လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ချီမြှင့်ခံခဲ့ရသည့် ဆုလာဘ်များအား စသည့်တို့ကို  ရှင်းလင်းပြောကြားခဲ့ပြီး   ခရိုင်ပညာရေးမှူး ရုံးမှ   ဦးစီးအရာရှိ ဦးကျော်ဇံအောင်က ယူနက်စကို ညွန်ကြား ရေးမှူး ချုပ် မှ ပေးပို့သော နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ သဝဏ်လွှာအားဖတ်ကြားခဲ့သည်။ 

ထို့နောက် ကျောင်းသား/သူလေးများက  ဇာတိမာန်သီချင်းဖြင့်သီဆိုခဲ့ကြပြီး  ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး  ကိုကိုလေး ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးကံထွန်းအောင်တို့က ကျောင်းသား/သူများအား ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။ 


အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)