ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ငွေများပေးအပ်



MNP ၊  စက်တင်ဘာ ၁၆

သံတွဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ  ကိုယ်ဆောင်မိခင်များနှင့်  အသက်(၂)နှစ်အောက် ကလေးများအား ကိုယ်ဝန်ဆောင်ချိန်မှစ၍  ရက်ပေါင်း(၁၀၀၀)ကာလအတွင်း အာဟာရ ပြည့်ဝစွာ  နေထိုင်စားသောက်ပြီး ဉာဏ်ရည်ပြည့်ဝကာ ကျန်းမာကြံ့ခိုင်သော ကလေးများ  ဖြစ်လာစေရန်နှင့် မသန်စွမ်းဖြစ်မှုနှုန်း လျော့ကျစေနိုင်ရေးအတွက် နိုင်ငံတော် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို စက်တင်ဘာ ၉ရက်နေ့မှစတင်၍ ယနေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ စာရင်း ကောက်ခံ  ပြီးသူ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် သံတွဲမြို့နယ် ရှိ ရပ်ကွက်(၈)ရပ်ကွက် ၊ ကျေးရွာအုပ်စု (၅၉)အုပ်စု ငပလီမြို့ရှိ ရပ်ကွက်(၅)ရပ်ကွက် စုစုပေါင်း ရပ်ကွက်/ကျေးရွာ (၇၂)အုပ်စုရှိ စာရင်း ကောက်ခံထားရှိသူ ကိုယ်ဝန်ဆောင်(၆၈၂)ဦး ၊ ကလေး (၂၄၆၉)ဦးရှိသည့်အနက် ကိုယ်ဝန်ဆောင် (၄၇၆)ဦး၊ ကလေး(၁၆၅၀)ဦးအား တစ်ဦးလျှင် တစ်လ (၁၅၀၀ဝိ/-)နှုန်းဖြင့် (၃)လစာ (၄၅၀၀ဝိ/-) နှုန်းဖြင့် ကျပ်သိန်း(၉၁၀၀၀၀၀ဝိ/-) တိတိကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး ထောက်ပံ့ပေးရန်ကျန်ရှိ သူများကို ဆက်လက်ထောက်ပံ့ပေးသွာမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှသိရှိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)