တံတားဦးမြို့နယ် အ.ထ.က မြင်းသည်ကျေးရွာ ကျောင်းစာကြည့်တိုက်ဆောက်လုပ်မှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ် အ.ထ.က မြင်းသည်ကျေးရွာ ကျောင်းစာကြည့်တိုက်ဆောက်လုပ်မှုအား ကွင်းဆင်းစစ်ဆေး

 



MNP - စက်တင်ဘာ   ၂


တံတားဦးခရိုင် တံတားဦးမြို့နယ် မြင်းသည်ကျေးရွာအုပ်စု မြင်းသည်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ၄၀’×၃၀’×၁၂’ ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောင်းစာကြည့်တိုက်သစ်ဆောင်လုပ်နေမှုအား ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။


အဆိုပါ ကျောင်းစာကြည့်တိုက်ဆောင်လုပ်နေမှုအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက ကျောင်းစာကြည့်တိုက်ဆောက်လုပ်ရာတွင် ရေရှည်တည်တံ့ရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရေးအလုပ်သမားများအနေ ဖြင့် လုပ်ငန်းခွင်ပေါ်တွင် ဘေးအန္တရာယ်မဖြစ်စေရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျဆောင်ရွက်ရေး တို့ကို လုပ်ငန်းတာဝန်ခံများအား ပြောကြားသည်။


အဆိုပါစာကြည့်တိုက်အဆောက်အဦးသည် ၄၀’×၃၀’×၁၂’ စာကြည့်တိုက်တွင် အုတ်ညှပ်(၁)ထပ် Steel Structure တစ်ထပ်အဆောက်အဦးဖြစ်ကြောင်း စာကြည့်တိုက်၏ စုစုပေါင်း ကုန်ကျငွေတန်ဖိုးမှာ (၃၃.၃၀၀)ကျပ်သန်းဖြစ်ကြောင်း အဆောက်အဦးကို  Linn Myat Eain ကုမ္ပဏီမှ တာဝန်ယူဆောက် လုပ်မည်ဖြစ်ကြောင်း အဆိုပါကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/မ(၂၆)ဦးရှိပြီး ကျောင်းသား/သူများ အနေဖြင့် (၄၀၉)ဦးရှိရာ ဆရာ/မများနှင့် ကျောင်းသား/သူများအား ပြင်ပဗဟုသုတ တိုးပွားရရှိရေးနှင့်  စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့်  ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်ကာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်များဖြစ်ကြစေလို၍ တည်ဆောက်ပေးခြင်းဖြင့် သစ်ကြောင်းကျေးရွာ ကျောင်းအုပ်ဆရာမကြီးထံမှသိရသည်။


တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောင်းစာကြည့်တိုက်သစ်ဆောက်လုပ်ရန် ကျောင်းပေါင်း(၂)ကျောင်းနှင့်  သိပ္ပံဆောင် အသစ်တည်ဆောက်ရန်(၁)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)