MNP - စက်တင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းအကျန် ပစ္စည်းများဆိုင်ရာ အသိပညာပေးပွဲကို ယမန်နေ့က မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အ.မ.က(၂)နှင့် အ.မ.က(ပါဟုတ်)ကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမင်းမင်းလတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ဒေါ်နန်းကိန်ခိုင်တို့က ပေါက်ကွဲစေတတ်သော စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များ၊ ဆောင်ရန်ရှောင်ရန် အချက်များတို့ကို ဟောပြောခဲ့ကြသည်။
ထို့နောက် ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သော လက်သန့်ဆေးရည်၊ နှာခေါင်းစည်းနှင့် လက်အိတ်များကို သက်ဆိုင်ရာတာဝန်ရှိသူတို့ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment