ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

          

MNP - စက်တင်ဘာ   ၂


မကွေးတိုင်းဒေသကြီးသရက်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သရက်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်း အသီးသီးမှ ဆရာ/ဆရာမများအား ကျောင်းကျန်းမာရေး စစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁) အခြေခံ ပညာအထက်တန်း ကျောင်းစိန်ရတုခန်းမ၌ကျင်းပခဲရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ (၁၄၄) ဦး တက်ရောက်ကြသည်။


အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး ခရိုင်ဆရာဝန်ကြီးက ကျောင်းကျန်းမာရေး ရက်သတ္တပတ် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ကျောင်းအခြေပြုလုပ်ငန်း အခြေပြု (၆)ချက်နှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။


ထို့နောက် ခရိုင်ပညာရေးမှူးက ဆရာ/ဆရာမများအနေဖြင့် ယခုသင်တန်းက ပို့ချပေးမည့် ဘာသာရပ်များကို လေ့လားမှတ်သား၍ မိမိကျောင်းတွင် ဆရာ/ဆရာများအား ပြန်လည်ဆွေးနွေး စေလိုကြောင်း ပြောကြားပေးခဲ့သည်။ ယင်းနောက် သင်တန်းဆက်လက် ပို့ချရာတွင် ကျန်းမာရေးမှူး အဆင့်(၁) ဦးအောင်ဝင်းနှင့် လက်ထောက်မြို့နယ် ပညာရေးမှူး ဒေါ်ခင်မျိုးဝေတို့က သင်တန်းသား/ သင်တန်းသူ ဆရာ/ဆရာမ (၁၄၄)ဦးအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)