နမ့်ခမ်းမြို့၌ တအာင်းတိုင်းရင်းသားစာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်နေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ခမ်းမြို့၌ တအာင်းတိုင်းရင်းသားစာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်နေ့ အခမ်းအနားကျင်းပ



 MNP - စက်တင်ဘာ   ၁


မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် သြဂုတ်လ(၃၀)ရက်နေ့ ကျရောက်ခဲ့သည့် တအာင်းတိုင်းရင်းသား စာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန် အမှတ်(၁၃) ရပ်ကွက်၊ သာယာကုန်းရပ်ကွက်ရှိ နမ့်ခမ်းမြို့ တအာင်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


တအာင်းတိုင်းရင်းသားလူမျိုးတို့၏ စာပေသည် ၁၉၇၂ ခုနှစ်၊ သြဂုတ်လ(၃၀)ရက်နေ့မှ စတင် အတည်ပြုအသုံးပြုခဲ့ရာ နှစ်စဉ်နှစ်တိုင်း ဩဂုတ်လ(၃၀)ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ တအာင်းစာပေနှင့်ယဉ်ကျေးမှုက စာပေနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပလျက်ရှိရာ ယခုနှစ် ဩဂုတ်လ(၃၀)ရက်နေ့သည် ၎င်းတို့၏ စာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတုနေ့ ရောက်ရှိခဲ့သည့်အတွက်  နမ့်ခမ်းမြို့၊ အမှတ်(၁၃) ရပ်ကွက်၊ သာယာကုန်းရပ်ကွက်ရှိ မြို့နယ်တအာင်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားစည်ကားစွာ ကျင်းပခဲ့ကြသည်။


အခမ်းအနားတွင်  ၎င်းတို့၏ စာပြုပုဂ္ဂိလ်များအနက် တစ်ပါးတည်း သက်ရှိထင်ရှားရှိသည့် နမ့်ခမ်းမြို့ရှိ ဒက္ခိဏာရုံကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တနန္ဒာစရိယ ဆရာတော်က ဩဝါဒချီးမြှင့်ပေးခြင်း၊ မြန်မာနိုင်ငံ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီနာယက ဦးအုန်းခိုင်၊ နမ့်ခမ်းမြို့နယ်အခြေစိုက် ရှေ့တန်းအမှတ်(၇)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူကြီး ကောင်းကျော်နှင့် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးတို့က အမှာစကားပြောကြားပြီး တစ်မူတည်းသော  တအာင်းစာမူဖြစ်မြောက်ရေးအတွက် ကိုယ်တိုင်ပြုစုခဲ့သော ကော်မရှင်ဖြစ်သူ တအာင်းစာပေ ဗဟိုနယက ဦးမောင်ကျော်(နမ့်ဆန်)က  စာပေနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း ရှင်းလင်းခြင်းနှင့် တအာင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ တာဝန်ရှိသူများက တအာင်းစာပေ နှစ်(၅၀)ပြည့် ရွှေရတု နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။


ဆက်လက်၍ တအာင်းတိုင်းရင်းသားစာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ကျင်းပနိုင်ရေး အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးသည့် အလှူရှင်များနှင့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ဂေါက်ရိုက်ပြိုင်ပွဲမှ ဆုရရှိသူများကို စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူကြီးကောင်းကျော်နှင့် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ မြန်မာနိုင်ငံ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် နမ့်ခမ်းမြို့နယ်၊ ဖာလင်ကျေးရွာတွင် စိုက်ထူးထားသည့် တအာင်းစာပေအက္ခရာ နဂါးကျောက်တိုင်သို့ သွားရောက်ဂါရဝပြုပြီး အခမ်းအနားသို့ မြို့နယ် အသီးသီးမှ တအာင်းသံဃာများ မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြိုနယ်ဌာနဆိုင်ရာများ၊ မြန်မာတစ်နိုင်ငံလုံးရှိ တအာင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီများ၊ နမ့်ခမ်းမြို့ရှိ ကချင်၊ လီဆူ၊ ရှမ်း စာပေနှင့်ယဉ်ကျေးမှုကော်မတီများနှင့် တအာင်းတိုင်းရင်းသား လူငယ်များက တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ဘဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)