ကလောမြို့နယ်၌ (မိုး)နေကြာသီးနှံစံကွက် ရိတ်သိမ်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလောမြို့နယ်၌ (မိုး)နေကြာသီးနှံစံကွက် ရိတ်သိမ်း

 



MNP - စက်တင်ဘာ   ၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စုအတွင်း စိုက်ပျိုးထားသည့် ဆင်းရွှေကြာ ၂၊ (မိုး) နေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကွင်းအမှတ်(၈-က)၊ ကွင်းအမည်- နွားပြာကွင်း၊ ဦးပိုင်အမှတ် (၄၁)၊ ဧရိယာ(၁.၆၁)ဧကရှိ စိုက်ခင်းမှ စံကွက်အရွယ်အစား (ဝ.၁၀)ဧက၊ (သင့်) ကိုယ်စားပြုစံကွက်ကို တောင်သူဦးအောင်ပြူး၏ စိုက်ခင်းတွင် ကျင်းပခဲ့သည်။


အဆိုပါ(မိုး) နေကြာစံကွက်ရိတ်သိမ်းပွဲသို့ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးသန်းဝင်း၊ ဒုဦးစီးမှူးဦးကျော်မျိုးပိုင်၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးချိုနိုင်ထွန်း၊ တောင်ကြီးခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း၊ ကလောမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးထွန်းဝေနှင့်ဝန်ထမ်းများ၊ ကလောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇင်မောင်မောင်နှင့်ဝန်ထမ်းများ၊ ဘော်နင်းကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ဒေသခံတောင်သူများ စုစုပေါင်းအင်အား (၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။


ဆင်းရွှေကြာ-၂၊ (မိုး) နေကြားကွက်ရိတ်သိမ်းရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် နေကြာတစ်ဧကအထွက်နှုန်းတွက်ချက်ခြင်း ပုံစံဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ(running feet) အရလည်းကောင်း၊ ရိတ်သိမ်းခဲ့ရာ အခြောက် တစ်ဧကအထွက်နှုန်း (၂၅ .၀၃)တင်းနှုန်းထွက်ရှိကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)