နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဇေယျာသီရိမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဇေယျာသီရိမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

 


MNP - စက်တင်ဘာ   ၁


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဇေယျာသီရိမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာရှိ ကွင်းအမှတ် ၁၆၁၉ ကွင်း၌တွေ့ဆုံခဲ့သည်။                                                                  


တွေ့ဆုံပွဲတွင် နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးခင်ဇော်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်နှင့် နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးတို့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်အတွင်း ဇေယျာသီရိမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပင်လောင်းလမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ၊ ငလိုက်ဆည်ရေသောက်စနစ်အတွင်း စိုက်ပျိုးရေအပြည့်အဝရရှိရေး ဆောင်ရွက်မည့်လုပ်ငန်းများ၊ မိုးစံပါး၊ ဆောင်းနေကြာ၊ ဆီထွက်သီးနှံများ၊  သီးထပ်သီးနှံများ စိုက်ပျိုးမည့်အခြေအနေများနှင့် စက်မှုလယ်စနစ်ဖော်ဆောင်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ယခုတင်ပြချက်များကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် လိုအပ်ချက်များပေါ်မူတည်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံပြီး စိုက်ပျိုးရေးနည်းပညာများနှင့် မွေးမြူရေးနည်းပညာများကို ထိထိရောက်ရောက် စဉ်ဆက်မပျက်အသိပညာများ မျှဝေပေးရန်လိုအပ်ကြောင်း၊ ဆည်ရေမရရှိသည့်နေရာများတွင် မြေအောက်ရေရရှိအောင် ဆောင်ရွက်ထားသည့်နေရာများတွင် စိုက်ပျိုးရေအသုံးပြုသည့် တောင်သူများအနေဖြင့်လည်း ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်ရန်လိုအပ်ကြောင်းနှင့် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့်လည်း တောင်သူများ စိုက်ပျိုးရေးကဏ္ဍတွင် အသုံးပြုသည့် စက်ပစ္စည်းများဝယ်ယူရာတွင် အရည်အသွေးပြည့်မီ ကောင်းမွန်သည့် စက်ပစ္စည်းများအား ဝယ်ယူနိုင်စေရေး ဆောင်ရွက်ပေးရန်လိုအပ် ကြောင်းပြောကြားခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာသည့် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး တောင်သူများ၏ လိုအပ်ချက်များတင်ပြတောင်းခံမှုကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)