ပြည်သူများအားလုံးပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အရည်အသွေးပြည့်မီစွာ ရရှိရေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူများအားလုံးပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အရည်အသွေးပြည့်မီစွာ ရရှိရေးဆောင်ရွက်

 


MNP - စက်တင်ဘာ   ၂


ကရင်ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အရည်အသွေးပြည့်မီစွာ ရရှိနိုင်ရေးအတွက် ကရင်ပြည်နယ် ကုသရေး ဦးစီးဌာနမှ ဆေးဘက်ကျွမ်းကျင် (၄) (ဓါတ်မှန်)၊ ဆေးဘက်ကျွမ်းကျင် (၄) (ဆေးစပ်) နှင့် စိစစ်ရေးမှူး (၄)(ဆေးမှတ်တမ်း) သင်တန်းများ ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) သုံးထပ်တိုးချဲ့ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းများဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဆေးရုံအခြေပြုကုသရေးလုပ်ငန်းနှင့် ပြည်သူ လူထုအတွင်း ကွင်းဆင်းကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ သင်တန်းများကိုဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည့် အတွက် သင်တန်းသား/သူများအနေဖြင့် သေချာစွာလေ့လာဆည်းပူးပြီး ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားသင်ယူပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါသင်တန်း (၃) မျိုးကို (၆) လကြာ တက်ရောက်လေ့လာဆည်းပူးကြမည့် သင်တန်းသား၊ သင်တန်းသူ ၄၀ ဦးအတွက် ငွေကျပ် (၈) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)