MNP - စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အမျိုးအစား ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
ယနေ့ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသော အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၉)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၉၂) ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၃) ဦး၊ စုစုပေါင်း(၁၂၄)ဦးအား ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ကာကွယ်ဆေး (ပထမအကြိမ်)အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အမာမြို့၊ ကျေးလက်ကျန်းမာရေးဌာန၊ တာဝန်ခံဆရာမ ဒေါ်ခင်ချောစုထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့် ဆရာမများက စနစ်တကျဆေးထိုးနိုင်ရန် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment