ပန်းတနော်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်




MNP - စက်တင်ဘာ ၃၀


ဧရာဝတီတိုငးဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဘဝိုင်းကျေးရွာ အုပ်စုရှိတောင်သူများနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ကျေးလက်နေ ပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ မွေးမြူရေး၊ လယ်ယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇေယျာမြင့်မှ လုံခြုံရေးနှင့် ပတ်သက်၍ ပြည်သူ့ လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး မသင်္ကါသူများ တွေ့ရှိပါက သက်ဆိုင်ရာများသို့ ဆက်သွယ်အကြောင်းကြား ရန်၊ ရွာသူရွာသားများ စည်းလုံးညီညွှတ်မှုရှိမှ မိမိတို့ရပ်ရွာ အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးသိန်းဝင်းမှ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေး သုံးစွဲပြီးအမှိုက်များ စနစ်တကျစွန့်ပစ်ကြရန်၊  အိမ်ပတ်ဝန်းကျင်ရှိ ခြုံနွယ်မြက်ပင် များ ခုတ်ထွင်ရှင်းလင်းကြရန်၊ စည်းကမ်းရှိမှ မိမိတို့ရပ်ရွာ သန့်ရှင်းသာယာလှပမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြ သည့် ဌာနဆိုင်ရာအကြီးအကဲများက လယ်ယာမြေများ အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ စပါးမျိုးကောင်း မျိုးသန့်များ ရရှိစေရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေရန် သစ်စိမ်းမြေသြဇာ ထည့်သွင်းကြဲပက်နိုင်ရေး၊ ဆောင်းသီးနှံ နေကြာစိုက်ပျိုး နိုင်ရေး၊ မွေးမြူရေး၊ လမ်းတံတားကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက ကြိုတင်ကာကွယ်ရမည့် အကြောင်းအရာများ စသည့်သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးမှ အိမ်ထောင်စုစာရင်းကတ်ပြား များ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ပြည့်ဖြိုးကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)