MNP ၊ စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့နယ်ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်က မြို့နယ်အထွထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ရှေ့လုပ် ငန်းစဉ်(၅)ရပ်၊ဦးတည်ချက် (၉)ရပ်၊ နိုင်ငံရေး၊အုပ်ချုပ်ရေး၊ ဒေသဖွံဖြို့းရေး၊ လူမှုရေးနှင့် စည်း ရုံးရေး လုပ်ငန်းများတွင်ပါဝင်သော ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များအား ပြီး မြောက်အောင် ဆောင် ရွက်ကြ ရန်၊ မိမိ၏ဦးစီးဌာနလုပ်ငန်းများအားလည်း အချိန် မီ ပြီးစီးအောင်ဆောင်ရွက်ကြရန်၊ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားလာသောကြောင့် အသိပ ညာပေးလုပ်ငန်းများ၊ကိုဗစ် ထပ်ဆောင်းကာကွယ် ဆေး ထိုးနှံရန်နှင့်အခြေပညာကျောင်းများ၌ ကိုဗစ်ကာကွယ် ဆေးများထိုးနှံပေးရေး၊ စီမံကိန်းလုပ်ငန်းများသတ် မှတ်ကာလအတွင်းပြီးစီးအောင်ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများမှလည်း သိရွိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှလည်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment