၂၀၂၂ - ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နွေစပါးလျာထားချက် ပြည့်မှီရေးနှင့် အထွက်နှုန်းတိုးတက်စေရေး တာဝန်ပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ - ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နွေစပါးလျာထားချက် ပြည့်မှီရေးနှင့် အထွက်နှုန်းတိုးတက်စေရေး တာဝန်ပေးအပ်ပွဲ ကျင်းပ

 



MNP - စက်တင်ဘာ   ၁


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၌ ဆောင်းသီးနှံ၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နွေစပါးလျာထားချက် ပြည့်မှီစေရန်နှင့် အထွက်နှုန်းပြည့်မှီ ကျော်လွန်စေရေး တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုမြင့်မား ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ဆောင်းသီးနှံ၊ ဆီထွက်သီးနှံ (နေကြာ)နှင့် နွေစပါးစိုက်ပျိုးရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်းကာ နည်းမှန်၊ စနစ်မှန်၊ မျိုးမှန်စွာစိုက်ပျိုးရန် လိုအပ်ကြောင်း ပြောကြားပြီး မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇၆)အုပ်စုရှိ နေကြာစိုက်ဧက ၂၂၅၉၃ (သီးသန့်) ဧကလျာထားပြီး နွေစပါးစိုက်ဧက ၈၁၈၀၁ ဧကအား လျာထားချက် ပြည့်မှီရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)