အိတ်ခ်ျပီဗီပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အိတ်ခ်ျပီဗီပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေး



MNP - စက်တင်ဘာ   ၂၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊  အမှတ်(၄)ရပ်ကွက် ကျေးလက်ကျန်းမာရေးဌာနခွဲတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို အသက်(၉)နှစ်မှ(၁၀)နှစ်ထိ မိန်းကလေးများအား  ယနေ့ နံနက်(၉)နာရီ အချိန်က  စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာနမှ (Gavi) အဖွဲ့၏ ရန်ပုံငွေဖြင့် အခမဲ့ ထိုးနှံပေးခြင်း ဖြစ်ကြောင်းသိရသည်။ အိတ်ခ်ျပီဗီ(HPV)ကာကွယ်ဆေးသည် ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ဆေးတစ်မျိုးဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းဖြင့် (HPV)ပိုးကြောင့် ဖြစ်တက်သော သားအိမ်ခေါင်းကင်ဆာနှင့်မျိုးပွားလမ်းကြောင်းမှာ ဖြစ်တတ်သည့် ကင်ဆာရောဂါ ကာကွယ်ပေးနိုင်ပါသည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို(၂)ကြိမ် ပြည့်အောင် ထိုးနှံပေးရပါမည်။ သို့မှသာ မိန်းကလေးများတွင် ဖြစ်တက်သော သားအိမ်ခေါင်းကင်ဆာရောဂါ မဖြစ်ပွားအောင် ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ကာကွယ်ဆေးထိုးရာတွင်(၁)ကြိမ်နှင့်(၁)ကြိမ် (၁၂)လ ခြားပြီး ထိုးနှံပေးရပါမည်။


ကျောက်မြောင်းမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို (၁.၉.၂၀၁၁) မှ(၃၁.၁၀.၂၀၁၃)အတွင်း မွေးဖွားသည့် မိန်းကလေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့(ပထမ)အကြိမ် လာရောက်ထိုးနှံသူများကို (၉)လပိုင်း(၂၀၂၃)ခုနှစ်တွင် (ဒုတိယ)အကြိမ် ပြန်လည် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒေါ်ခင်ဆွေမြင့်(ဘက်စုံသား ဖွားဆရာမ) ထံမှသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)