တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များကို ဆန်းစစ်စီမံခြင်းအခမ်းအနား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များကို ဆန်းစစ်စီမံခြင်းအခမ်းအနား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးတက်ရောက်



MNP - စက်တင်ဘာ  ၂၅


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်ပြုလုပ်သော တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မုဒုံမြို့နယ် နိုင်းပြိုင်ကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပသည်။


အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါ အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ တာဝန်နှင့်ဝတ္တရားများ၊ ဥပဒေပါ တားမြစ်ချက်များကို သိရှိစေရန်၊ တိုင်းရင်းသားစာပေ သင်ကြားနိုင်ရေးနှင့် ဒေသနှင့်ကိုက်ညီမည့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း အမှားစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးက ဝန်ကြီးဌာနအကြောင်း သိကောင်းစရာများ၊ လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကိုလည်ကောင်း၊ ဦးစီးအရာရှိက တိုင်းရင်းသားလူမျိုးများ၏  အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့်  တိုင်းရင်းသားအခွင့်အရေး ကိစ္စရပ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။


ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိက အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားသည့် ဆရာ၊ ဆရာမများခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်ကောင်း၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေး ပင်စင်ဆိုင်ရာကိစ္စရပ်များကိုလည်ကောင်း၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင် ဝိသေသရှေ့ဆောင်စကားလုံးများ ပါဝင်ရေးသွင်းနိုင်ရေး ကိစ္စရပ်များကိုရှင်းလင်းပြောကြားခဲ့ပြီး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဒေသခံတိုင်းရင်းသား (၈၀)ဦးတို့မှ ဆန်းစစ်စီမံစစ်တမ်းကောက်ယူခဲ့ကြသည်။


မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဦးတည်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)