(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း




MNP - စက်တင်ဘာ  ၂၅


(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင်း ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ခုတင်(၅၀၀)ပြည်သူ့ဆေးရုံ၌ကျင်းပသည်။


နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၂၀)ဦးတို့ စုပေါင်းသွေးလှူဒါန်းရာသို့ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်၊ နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးပထမတန်းအရာရှိ ဒုရဲမှူးကြီးမျိုးလွင်၊ ပျဉ်းမနားခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ကျော်ညွန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်နှင့်တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးပြီး စုပေါင်းသွေးလှူဒါန်း ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ အာဟာရပြည့်စားသောက်ဖွယ် ရာများ ပေးအပ်ခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)