ပုသိမ်မြို့တွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့တွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

 



MNP - စက်တင်ဘာ   ၂၅


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့တွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) လုပ်ကိုင်လည်ပတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်ဦးရပ်ကွက်ရှိ လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီမြတ်ကြီး ပရဝဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအားကြည့်ရှု စစ်ဆေးပြီး အမှိုက်နှင့်ခြုံနွယ်များနေ့စဉ်ရှင်းလင်းဆောင်ရွက်ရေးနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့အား မှာကြားသည်။ ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဂင့်ချွန်မုန့်လုပ်ငန်း၊ ဂွတ်ရှယ်ကြက်အူချောင်း၊ ဝက်အူချောင်းလုပ်ငန်း၊ ရွှေကညင်ပုသိမ်ထီးလုပ်ငန်း၊ ATW ကြက်စာ၊ ဝက်စာလုပ်ငန်း၊ ပုသိမ် ကွန်ပျူတာပန်းထိုးစက်ရုံနှင့်ရွှေမြင်းပျံ ပုသိမ်ဟာလဝါလုပ်ငန်းများသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်လည်ပတ်မှုအခြေအနေများအား မေးမြန်းရာ တာဝန်ရှိသူများ၏ ဖြေကြားတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က စားသုံးကုန်များထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ရေး၊ ဓာတုဆိုးဆေးများအသုံးမပြုရေး၊ ပြည်သူများသန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရေးအတွက်အလေးထားဆောင်ရွက်ရေး၊ ပုသိမ်ထီးများကို ပြည်တွင်းပြည်ပခရီးသွားများအတွက် ခိုင်ခံ့မှုနှင့်အရည်အသွေးကောင်းမွန်ရေး အလေးထားဆောင်ရွက်ရေး၊ ဝက်စာ၊ ကြက်စာများထုတ်လုပ်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ ပြည်တွင်းထုတ်ကုန်များအား ပြည်ပထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်သည်အထိ အရည်အသွေးကိုအဓိကထား ဆောင်ရွက်ရေး၊ တစ်လအတွင်းထုတ်လုပ်မှုအား စနစ်တကျမှတ်တမ်းထားရှိရေး၊ စက်ရုံများတွင်လုပ်ကိုင်နေသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်အတွင်းအန္တရာယ်ကင်းရှင်းစွာ လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေးတို့အား မှာကြားသည်။


ဆက်လက်၍  ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ “မြို့အင်္ဂါရပ်နှင့်အညီ လမ်းတိုင်း၊ ရပ်ကွက်တိုင်း သန့်ရှင်းသာယာလှပရေးအား အလေးထားဆောင်ရွက်ရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေဖြင့် ပြည်သူများသန့်ရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်စေရေးစည်းရုံးရန်၊ တက္ကသိုလ်ဝင်စာမေးပွဲစနစ်ဟောင်းတွင် ဝင်ရောက်ဖြေဆိုသူများအနေဖြင့် စာသင်ဝိုင်း၊ စာဖတ်ဝိုင်းများသို့ ရောက်ရှိလာစေရေးဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအကြိမ်ပြည့်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနိုင်ရေးကြပ်မတ်ရွက်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစည်းကမ်းများအတိုင်း စနစ်တကျမောင်းနှင်သွားလာနိုင်ရေးအတွက် နေ့စဉ်စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း” မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)