ပန်းတနော်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်



MNP - စက်တင်ဘာ   ၁၈


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် ပညာသင်ကြားပေးခဲ့သော ဆရာ/ဆရာမများနှင့် အောင်ချက်အကောင်းဆုံး အခြေခံပညာ အထက်တန်းကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူးဦးဝင်းနိုင်ဆွေက ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ထူးရရှိသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ပန်းတနော်မြို့နယ်တွင် နိုင်ငံတော်အဆင့် Top Ten ဝိဇ္ဇာဘာသာတွဲတွင် အဆင့်(၆)ရရှိသူ တစ်ဦး၊ တိုင်းအဆင့်တွင် (၄)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၇)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၀၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၀၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၅၇)ဦးတို့ရှိကြောင်း သိရသည်။


သတင်း - ပြည့်ဖြိုးကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)