ဒေးဒရဲမြို့နယ်၌ ကျေးရွာအုပ်စု စုပေါင်းသံဃနာယကအဖွဲ့ဆိုင်းဘုတ်တော်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ ကျေးရွာအုပ်စု စုပေါင်းသံဃနာယကအဖွဲ့ဆိုင်းဘုတ်တော်ဖွင့်ပွဲကျင်းပ

 



MNP - စက်တင်ဘာ   ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မရမ်းဝကျေးရွာအုပ်စု၊ ဂွကလေးကျေးရွာ၊ မှော်ဘီစုကျေးရွာအုပ်စုများတွင် သာသနာတော်စည်ပင် ပြန့်ပွားရေးနှင့် သာသနာရေးရာ ကိစ္စရပ်များကို ပေါ်ပေါက်လာပါက အမြန်ဆုံး ဖြေရှင်းဆောင်ရွက် ပေးနိုင်ရေးအတွက် ကျေးရွာအုပ်စု စုပေါင်းသံဃနာယကအဖွဲ့ ဆိုင်းဘုတ်တော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီက ထနိပါတ်ကျေးရွာ၊ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


ဆိုင်းဘုတ်တော်ဖွင့်ပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ် ခဲ့ပြီး မြို့နယ်သံဃနာကကဆရာတော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်စိုးနှင့် မြိုနယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသန်းလွင်တို့က ကျေးရွာအုပ်စု စုပေါင်းသံဃနာယက အဖွဲ့ ဆိုင်းဘုတ်တော်အား ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ သံဃာတော် အရှင်သူမြတ်များနှင့် တက်ရောက်လာသူများက အောင်ဂါထာရွတ်ဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)