လူငယ်များ အသိပညာမြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်များ အသိပညာမြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ






MNP ၊ စက်တင်ဘာ  ၂၃

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားနှင့်အညီ အနာဂတ်ကို ထုဆစ်ပုံဖော်ကြမည့် ကျောင်းသား၊ကျောင်းသူ လူငယ်များအသိပညာမြင့်မားရေးအတွက် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က တောင်ကုတ်မြို့ ၊ အမှတ်(၃)၊အခြေခံပညာ အထက်တန်းကျောင်း ၊ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင် က အသိပညာပေးဟောပြာပွဲ များ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ထွန်းလှ က မူးယစ်ဆေးဝါးဆိုးကျိုးများနှင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကိုလည်းကောင်း ၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးမြင့်ရွှေ က လူငယ်နှင့်အနာဂတ် ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့မကျန်းမာရေးမှူးက ကိုဗစ်-၁၉ ‌‌‌ရောဂါအကြောင်း သိကောင်းစရာများကိုလည်း ကောင်း ၊ မြို့နယ်စားသုံးသူရေးဦးစီးဌာန မှ ၊မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်း က စားသုံးသူကာကွယ်ရေး နှင့်အခွင့်အရေး ခေါင်းစဉ်ဖြင့်လည်းကောင်းပြောကြားပြီးနောက် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မှ ကိုယ်ကာယကြံ့ခိုင်ရေးအတွက် အေရိုးဗစ် ကစားနည်းကို သရုပ်ပြပြီး နောက် အခမ်းအနားသို့တက်ရောက် လာ ကြသည့်ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှ ပြသထားသည့် နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာကြည့်ရှုကြသည်။


အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)