ကျောက်ပန်းတောင်းမြို့တွင် ယာဉ်မှူး/ယာဉ်လိုက်များနှင့် ဂိတ်တာဝန်ခံများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့တွင် ယာဉ်မှူး/ယာဉ်လိုက်များနှင့် ဂိတ်တာဝန်ခံများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြော




MNP - စက်တင်ဘာ   ၂၀


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ယာဉ်မှူး/ယာဉ်လိုက်များနှင့် ကားဂိတ်တာဝန်ခများအား၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းက မြိုနယ်အတွင်း မကြာမီရက်က ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုနှင့် လူသေဆုံးခဲ့ရမှုအခြေအနေများ၊ နှစ်စဉ် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့်အခြေအနေများနှင့် အဆိုပါဖြစ်စဉ်များ လျှော့ချနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အမှတ်(၉၃)ယာဉ်ထိန်းတပ်ဖွဲ့စုမှ တာဝန်ရှိသူက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်သည့် ယာဉ်အချက်ပြစနစ်များနှင့် လမ်းအချက်ပြ သင်္ကေတအမှတ်အသားများ၊ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို Projector ဖြင့် ရှင်းလင်းပြောကြားသည်။


အဆိုပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ နှင့်ဝန်ထမ်းများ၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန၊ အမှတ်(၉၃) ယာဉ်ထိန်းတပ်ဖွဲ့စုတပ်ဖွဲ့ဝင် များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရှိ ယာဉ်မှူး/ယာဉ်လိုက်နှင့် ဂိတ်တာဝန်ခံများ စုစုပေါင်းအင်အား (၅၃)ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)