“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်



MNP- စက်တင်ဘာ   ၂၀


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရာ  “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတင်ပြမှုအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများက ခွင့်ပြုပေးသည့်အခြေအနေ၊ ဌာနဆိုင်ရာများမှ မိမိတို့ဦးစီးဌာနက ခွင့်ပြုပေးနိုင်သည့် လုပ်ငန်းများကိုသာ စိစစ်တင်ပြပေးရန်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် မရရှိပါက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဦးစားပေးပြန်လည်တင်ပြရန်၊ လုပ်ငန်းအသစ် တင်ပြမည်ဆိုပါက မြေပြင်ကွင်းဆင်းစိစစ်ပြီးမှတင်ပြကြရန်၊ တိုင်းအဆင့်ဌာနဆိုင်ရာများအတွက် မြေနေရာချထားနိုင်ရေး သက်ဆိုင်ရာဌာနများက မြေပြင်ကွင်းဆင်းပြီး ပြန်တင်ပြပေးရန်၊ ပညာရည်ချွန်ဆုချီးမြှင့်ရေး၊ ပန်လုံရေသွယ်ခြင်းလုပ်ငန်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပေးရန် မှာကြားခဲ့သည်။


ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဉ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်မှုအခြေအနေ၊ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က သုဿန်မြေကို ဘာသာအလိုက် သတ်မှတ်ပေးရေးနှင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ဟိုပန်ခရိုင်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို လည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှူးက ပန်လုံရွှေကျင်ထု ရေသွယ်ခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့်သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေနှင့် ကျန်းမာရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။


တင်ပြချက်များနှင့်ပတ်သက်၍ ဥက္ကဋ္ဌက လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးပြီး အစည်းအဝေးကို နေ့လယ် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)