ကြို့ပင်ကောက်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ အထူးအရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ အထူးအရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ



MNP - စက်တင်ဘာ  ၂၀


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ အထူးအရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမ ဦးစီးအရာရှိရုံးတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းစု လီမိတက်အသင်းဥက္ကဋ္ဌ သဘာပတိနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိတို့မှ အဖွင့်အမှာစကားပြောကြားပြီး ကျေးရွာစိုက်ပျိုးရေး မွေးမြူး နှင့်အထွေထွေ သမဝါယမအသင်းများမှ အသင်းဥက္ကဋ္ဌများက မြို့နယ်သမဝါယမအသင်းစုနှင့် သက်ဆိုင်သော ကိစ္စရပ်များ ကျေးရွာအသင်းများမှ အသင်းသားများနှင့် သက်ဆိုင်သော ကိစ္စရပ်များကို မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် တက်ရောက်လာကြသော ကျေးရွာသမဝါယမအသင်းဥက္ကဋ္ဌများ ဆွေးနွေးညှိနှိုင်း၍ သဘောထားများကို အတည်ပြုရယူခဲ့ကြပြီး မြို့နယ်သမဝါယမအသင်းစု ဒုဥက္ကဋ္ဌက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။


ကြို့ပင်ကောက်မြို့နယ် သမဝါယမအသင်းစုလီမီတက်သည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၁၀ ခုနှစ်မှ စတင်လှုပ်ရှားဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ကျေးရွာသမဝါယမအသင်း ၂၉၂ သင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဇေယျာထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)