ချောင်းဆုံမြို့နယ်တွင် မိုးစပါး စိုက်ပျိုးသည့် တောင်သူ(၅၃၅)ဦးအတွက် ဈေးနှုန်းချိုသာသည့် ယူရီးယားဓါတ်မြေဩဇာများ ဒုတိယအကြိမ် ဖြန့်ဖြူးပေးခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဆုံမြို့နယ်တွင် မိုးစပါး စိုက်ပျိုးသည့် တောင်သူ(၅၃၅)ဦးအတွက် ဈေးနှုန်းချိုသာသည့် ယူရီးယားဓါတ်မြေဩဇာများ ဒုတိယအကြိမ် ဖြန့်ဖြူးပေးခဲ့

 




MNP - စက်တင်ဘာ   ၁၈


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် စပါးသီးနှံစိုက်ပျိုးမှုနှင့် မိုးစပါးစိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်သည့် တောင်သူများအဆင်ပြေစေရန်အတွက် ပြည်နယ် အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ယနေ့နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (ဒုတိယ) အကြိမ်အဖြင့် တောင်သူ (၅၃၅)ဦးအား ယူရီးယားဓါတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။


ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးထားရှိမှုမှာ ဩဂုတ်လကုန်အထိ (၆၅၂၄၂)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ အဆိုပါစိုက်ပျိုးပြီးဧကအနက် စိုက်ပျိုးပြီးစီးသည့် စပါးသီးနှံများ အထွက်နှုန်းပိုမို ကောင်းမွန်စေရန်အတွက် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှထုတ်လုပ်သည့် ယူရီးယား ဓါတ်မြေဩဇာကို ယခု(ဒုတိယ)အကြိမ်အဖြင့် ကျေးရွာ(၂၈)ရွာမှတောင်သူ (၅၃၅)ဦးအတွက် ဓါတ်မြေဩဇာ (၆၂၇) အိတ်ကို တစ်အိတ်လျှင် (၃၃၄၀၀)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)