မော်လမြိုင်ကျွန်းမြို့တွင် စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများလက်ဝယ်သို့ ရပ်ကွက်အလိုက် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့တွင် စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများလက်ဝယ်သို့ ရပ်ကွက်အလိုက် ရောင်းချပေး



MNP ၊ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့တွင် စားသုံးဆီများကိုဈေးနှုန်းသက်သာစွာဖြင့်ပြည်သူများဝယ်ယူစားသုံးနိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိနွမ်းပါးသောပြည်သူများထံ စားသုံးဆီအရောင်းဆိုင်များက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၏ကူညီမူဖြင့် ဆီဝယ်ယူရန်လက်မှတ်များကိုတစ်အိမ်တဆင့်လိုက်လံရောင်းချပေးသောစနစ်ဖြင့်ရပ်ကွက်အလိုက် ရောင်းချပေးသွားမည်ဖြစ် ကြောင်းမြို့နယ်ဆီလုပ်ငန်းရှင်များအသင်းကသိရသည်။

ထိုသို့ရောင်းချခြင်းစနစ်ဖြင့် စက်တင် ဘာ(၁၈)ရက် နေ့လည်(၂)နာရီက "မေသူ ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေး" ဆိုင်က အမှတ်(၁၂)ရပ်ကွက်တွင် ဆီတစ်ဗူးလျှင်(၃၀၀ဝိ)ကျပ်ဖြင့်ရပ်ကွက်အတွင်းရှိ လူဦးရေ(၅၀၀)ခန့်အားရောင်းချပေးခဲ့သည်။ 

ယင်းသို့ရောင်းချပေးခြင်းသည်မြန်မာ နိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း Six Winner Brot hers Co;Ltမှ စားသုံးဆီများဈေးနှုန်းသက်သာချောင်ချိစွာဖြင့်ရောင်းချပေးရန် ညွန်ကြားချက်ဖြင့် မော်လမြိုင်ကျွန်းမြို့နယ်ဆီလုပ်ငန်းရှင်များအသင်း၏ဆွေးနွေးမူ့ဖြင့် ရပ်ကွက်၊ ကျေးရွာများရှိနွမ်းပါးသောပြည်သူများလက်ဝယ်သို့ ဦးစွာ ဆီဝယ်ယူရန်လက်မှတ်များကိုရပ်ကွက်၊ ကျေးရွာများရှိအုပ်ချုပ်ရေးအဖွဲ့များ၏အကူအညီဖြင့် လိုက်လံရောင်းချသောစနစ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်။ 

အခုလိုဆောင်ရွက်ပြီးရောင်းချပေးရတဲ့အတွက် "ကျွန်တော်တို့လို ဆီအရောင်းဆိုင်ရှင်များအနေဖြင့် အလုပ်တစ်ခုပိုသွားတာပေါ့ ဘာကြောင့်လဲဆိုတော့  ဆီ ရောင်းရန်လက်မှတ်များကိုကြိုတင်ပြုလုပ်ရခြင်း၊ ရပ်ကွက်အတွင်းရှိ လမ်းများတွင်နေထိုင်ကြသောနွမ်းပါသောပြည်သူ များထံလက်မှတ်များလိုက်လံ ရောင်းချပေးရခြင်း အလုပ်တွေပိုသွားတာပေါ့ တချို့ အိမ်တွေကဆို "အိမ်အထိဆီဝယ်ရန်လက်မှတ်တွေ လိုက်ရောင်းတယ်ဆိုတော့ ရောင်းတဲ့ဆီတွေက ကောင်းရောကောင်းလို့လား၊ ဆီတွေက သန့် ရဲ့လား"စသည်ဖြင့်အမျိုးမျိုးဝေဖန်ပြောဆိုမူတွေလဲ ခံခဲ့ရပါတယ်၊ အရင်ကဆို ဆီရောင်းတဲ့နေ့ကိုအသိပေးပြီး တန်းစီပြီးလာဝယ်ကြသူတိုင်းကို လက်မှတ်ဝေပြီ ရောင်းပေးလိုက်တယ် အလိုမျိုးရောင်းပေးတော့လဲပိုက်ဆံရှိတဲ့အိမ်တွေက လူတွေများများလာပြီတန်းစီဝယ်ကြတယ် ဝယ်ပြီးပြန်ရောင်းကြတဲ့လူတွေလဲ ရှိပါတယ် နွမ်းပါးတဲ့ပြည်သူတွေလိုသလောက်မရကြပါဘူး.. အဲလိုမျိုးတွေ မြင်ရပြန်တော့ စိတ်မကောင်းဖြစ်ရပါတယ်။ အခုလိုကျွန်တော်တို့ ရောင်းပေးရမဲ့ရပ်ကွက်ရှိပြည်သူတွေကို အိမ်အရောက်ဆီဝယ်ယူရန်လက်မှတ် မရ/မဖြစ်ရအောင် အပင်ပန်းခံပြီး လိုက်ရောင်းပေးခြင်းသည် နွမ်းပါးတဲ့ပြည်သူတွေ စားသုံးဆီကိုဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ကြရန်ရည်ရွယ်ပြီဆောင်ရွက် လုပ်ကိုင်ပေးရခြင်းဖြစ်ပါတယ် စီးပွားရေးအရရောင်းချပေးခြင်းမဟုတ်ပါဘူး  မြို့နယ်ဆီလုပ်ငန်းရှင်များနှင့် ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေး ဆိုင်ရှင်များရဲ့ ပြည်သူများအပေါ် ကြီးမားသော စေတနာများဖြင့် ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်ဟု မေသူ ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးမိသားစုမှ ဦးကျော်ကြီးက ရှင်းလင်းပြောပြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)