တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်



MNP - စက်တင်ဘာ   ၁၉


“၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး- သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ၁၉၉၅ ခုနှစ်ကတည်းက မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ကိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ(၁၆)ရက်နေ့ရောက်တိုင်း နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” ကျင်းပရသည့် အဓိက ရည်ရွယ်ချက်ဖြစ်သည့် ကျွန်တော်တို့လူသား တို့၏သက်ရှိများကို ခရမ်းလွန်ရောင်ခြည်မှ အကာအကွယ်ပေးထားသော စထရာတိုစဖီးယားအလွှာမှာရှိသည့် အိုဇုန်းအလွှာပါးလေးကို မပျက်စီးအောင် ကာကွယ်ထိန်းသိမ်းကြဖို့ သတိပေးသောအနေဖြင့် နှစ်စဉ်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် မီသိုင်းဘရိုမိုဒ် တင်သွင်းမှုကို ပမာဏ အနည်းငယ်သာ နှစ်စဉ်ခွင့်ပြုခဲ့ရာ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သည့်အမျိုးသားအဆင့် အိုဇုန်းယူနစ်အစည်းအဝေးတွင် တင်သွင်းသူများနှင့် ဆွေးနွေးချက်များအရ ၂၀၂၀ ပြည့် နှစ်မှစ၍ နှစ်စဉ်ခွဲတမ်းစနစ်ဖြင့်သာ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် လုံးဝရပ်ဆိုင်းမှာဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကော့သောင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရန် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” စက်တင်ဘာလ (၁၆) ရက်နေ့တွင် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  အိုဇုန်းလွှာသည် သက်ရှိများအသက်ရှင်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ် အရေးကြီးသည့် အလွှာတစ်ခုဖြစ်သောကြောင့် ယခုလက်ရှိကာလအပြင် နောင်အနာဂတ်မျိုးဆက်များအထိ ဆက်လက်ထိန်းသိမ်းကြရမှာ ဖြစ်ကြောင်း၊ ဒါမှသာကမ္ဘာပေါ်ရှိ သက်ရှိများရေရှည် ရပ်တည်နိုင်မှာဖြစ်၍ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်း အဆင့်နှင့် အထက်တန်းအဆင့် သရုပ်ဖော်ပန်းချီနှင့်စာစီစာကုံး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြသသော အသိပညာပေးဗီဒီယိုနှင့် ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)