ဝါးခယ်မမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 


MNP - စက်တင်ဘာ   ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ မဲဇလီကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တန်ဆောင်း၌ ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။


ယင်းသို့ ဆောင်ရွက်ရာတွင် (အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းရုံးရေး) စသည့် စစ်ကြောင်းကြီး ငါးကြောင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ရပ်မိ ရပ်ဖများနှင့် ဒေသခံပြည်သူများတွေ့ဆုံကာ နွေစပါး၊ ပဲတီစိမ်း၊ နေကြာ စသည့် စိုက်ပျိုးသီးနှံများ အောင်မြင်အောင် စိုက်ပျိုးကြရန်၊ သမဝါယမဦးစီးဌာနနှင့် ဆက်သွယ်၍ ကန်ထရိုက်လယ်ယာလုပ်ငန်း (Contract Farming)၊ အကျိုးတူလယ်ယာစနစ်ဖြင့် စပါးနှင့် ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ဒေသဖွံဖြိုး တိုးတက်ရေးအတွက် ကျေးလက်လမ်းများဖောက်လုပ်ရန်လျှာထားမှု၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်ရုံးအဖွဲ့တို့ ပူးပေါင်း၍ ပုံစံ (၆၆/၆)နှင့် မှတ်ပုံတင်တို့ကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်‌နေမှု၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများအား အသိပေးဆွေးနွေးခြင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအခြေအနေများနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအား အသီးသီးအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံပွဲတွင်  စစ်ကြောင်းကြီး(၅)ကြောင်းမှ အဖွဲ့ခေါင်းဆောင်များက လိုအပ်သော လုံခြုံရေးအစီအမံ များ၊ ပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)