MNP ၊ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဂွမူလတန်းကြိုကျောင်း၌ ကလေးငယ်များ၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို အဆိုပါ ကျောင်း၌ ယနေ့နေ့လည်(၁၂)အချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်က အဖွင့်အမှာစကား ပြောကြားပြီး ဂွမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိမွန်လှိုင်က ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ကလေးသူငယ်များ၏ အခွင့်အရေးများ ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်တို့တွင် ကလေးသူငယ်များအနေဖြင့် ပါဝင်ဆောင်ရွက်ခွင့်ကို အကောင်ထည် ဖော်ဆောင်ပြီး ညာဏစွမ်းရည်ပြိုင်ပွဲကို စုပေါင်း၍ လုပ်ဆောင်ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေပြီး လူမှုပတ်ဝန်းကျင်တွင် ရဲရဲဝံ့ဝံ့ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဆက်လက် ပြောကြားခဲ့သည်။
ဆက်လက်၍ မူလတန်းကြိုကျောင်း ကလေးသူငယ်များက အင်္ဂလိပ်ကဗျာ/ မြန်မာကဗျာ ရွတ်ဆိုပြိုင်ပွဲ(၇)မျိုးနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ဆုရရှိသည့် ကလေးငယ် များအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းကောင်စီဥက္ကဌနှင့် အတွင်းရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ဆုများအသီးသီးချီးမြင့်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost







No comments:
Post a Comment