ဂွမြို့နယ်အတွင်းရှိအသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုပြည်သူများနှင့် အသက်(၁၂)အထက် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး Booster Doses ထိုးနှံ ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်အတွင်းရှိအသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုပြည်သူများနှင့် အသက်(၁၂)အထက် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး Booster Doses ထိုးနှံ ပေးလျက်ရှိ

 



MNP ၊  စက်တင်ဘာ    ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုပြည်သူများနှင့်အသက် (၁၂)အထက် ကျောင်းသား/သူ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စုရပ်များနှင့် အခြေခံပညာကျောင်းများမှ ဆေးထိုးစုရပ်များတွင် နေရာများခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ Booster Dosesများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။


ဂွ မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုပြည်သူများအား စက်တင်ဘာလ(၂၀)ရက်နေ့က ကိုဗစ် -၁၉ရောဂါ  ကာကွယ်ဆေး Myancopharm Booster Doses အား ပြည်သူ (၁၄၂)ဦးကလည်းကောင်း၊ စက်တင်ဘာလ(၂၁)ရက်နေ့ကအသက်(၁၂)အထက်ကျောင်းသား /သူ များအား ကိုဗစ် -၁၉ရောဂါ ကာကွယ် ဆေး Sinovac Booster Doses အား ကျောင်းသား/သူ(၅)ဦးတို့က လည်းကောင်း မိဘအုပ်ထိန်းသူများရဲ့ သဘောတူ ခွင့်ပြုချက်များအရ ထိုးနှံပေးခဲ့ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)