MNP - စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများဖြစ်ပွားနေသဖြင့် ကမ်းပါးပြိုကျမှုကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများမှာ နှစ်စဉ်ဖြစ်ပွားလျက်ရှိရာ အဆိုပါမြစ်ကမ်းပါးပြိုကျမှုများအား ကာကွယ်နိုင်ရေးယခင်နှစ်ကစိုက်ပျိုးထားသော ကိုင်းပင်နှင့်ကျူပင်များမှာ ကမ်းပါးပြိုကျပြီး ရေတိုက်စားခံနေရသဖြင့် ကျွန်းဦးကျေးရွာနေ ဒေသခံပြည်သူများစုပေါင်း၍ သဲအိတ်များဖြင့် မြစ်ကမ်းပါးပြိုကျမှုမှကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment