MNP - စက်တင်ဘာ ၁
၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမည အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၏ အားကစားများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးပြီး အမျိုးသား၊ အမျိုးသမီး မီတာ (၃၀၀၀၊ ၁၅၀၀၊ ၈၀၀၊ ၄၀၀၊ ၂၀၀) အပြေးပြိုင်ပွဲများ၊ လက်ဆင့်ကမ်း၊ အလျားခုန်၊ သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြား ဝိုင်းပစ်၊ လှံတံပစ် စသည့် အားကစားနည်းအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် အကောင်းဆုံး အားကစားသမားများနှင့် ပြိုင်ပွဲဝင် အသင်းများအားလည်းကောင်း၊ ပြိုင်ပွဲအလိုက် အမှတ်အများဆုံးရရှိသည့် မြို့နယ်အသင်းများအားလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုတို့အား ချီးမြှင့်ခဲ့ကြသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment