သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ အပတ်စဉ် လကုန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ အပတ်စဉ် လကုန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 



MNP - စက်တင်ဘာ   ၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။

ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂)ဦးကျော်တိုးတို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အပတ်စဉ် လကုန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး လုံခြုံရေး ဂရုစိုက်ဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ် သတင်းပေးပို့ရန်၊ အိမ်ထောင်စုပုံစံ(၆၆/၆)၊ မြေပြင်လူဦးရေ တိုက်ဆိုင်စစ်ဆေးခြင်း အချိန်မီပြီးစီးရေး၊ မှန်ကန်ရေးဆောင်ရွက်ရန်၊ သန့်ရှင်းရေး စနေနေ့တိုင်းဆောင်ရွက်ရေး၊ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိရေး၊ ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျော့ချရေး၊ တရားမဝင် အုတ်၊ သဲ၊ ကျောက် လုပ်ငန်းဆောင်ရွက်မှု မရှိရေး၊ မြေပြင်လူဦးရေ တိုက်ဆိုင်စစ်ဆေးခြင်း အချိန်မီပြီးစီးရေး၊ မှန်ကန်ရေးဆောင်ရွက်ရန်၊ သန့်ရှင်းရေး စနေနေ့တိုင်းဆောင်ရွက်ရေး၊ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိရေး၊ ဘိလိယက်ခုံ လိုင်စင်ပြုလုပ်ရေး၊ မြင်းကောင်ရေ(၂၀)အောက် စက်တပ်ရေယာဉ် လိုင်စင်ပြုလုပ်ရေး၊ COVID-19 ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံရေးဆောင်ရွက်ရန်တို့ကို အသေးစိတ် ဆွေးနွေးမှာကြားပြီး ပြန်လည်ဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)