ရန်ကုန်မြိုတော်ဝန် ဦးဗိုလ်ဋ္ဌေး ကမာရွတ်မြို့နယ်ပြည်လမ်း ကတ္တရာကွန်ကရစ်ခင်းကျင်းနေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြိုတော်ဝန် ဦးဗိုလ်ဋ္ဌေး ကမာရွတ်မြို့နယ်ပြည်လမ်း ကတ္တရာကွန်ကရစ်ခင်းကျင်းနေမှု ကြည့်ရှုစစ်ဆေး

 



MNP - စက်တင်ဘာ  ၁၇


ရန်ကုန်တိုငိးဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမကြီးအား ကတ္တရာကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရှိရပါသည်။


အဆိုပါကတ္တရာကွန်ကရစ်ခင်းကျင်းနေမှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား)မှ ဦးဆောင်ပြုလုပ်ခင်းကျင်းခြင်းဖြစ်ကြောင်းသိရပါသည်။


သတင်း - စိမ်းလဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)