ဂွမြို့တွင် မသင်္ကာသူများ လှည့်ကင်းနဲ့တွေ့၍ စစ်ဆေးခံရာမှ သံထည်ပစ္စည်းများ ခိုးယူမှုပေါ်ပေါက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့တွင် မသင်္ကာသူများ လှည့်ကင်းနဲ့တွေ့၍ စစ်ဆေးခံရာမှ သံထည်ပစ္စည်းများ ခိုးယူမှုပေါ်ပေါက်



MNP ၊ စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် မြို့နယ်ရဲစခန်းမှ နယ်ထိန်းအရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက ယမန်နေ့ညပိုင်းက လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ဒေါင့်ချောင်းကျေးရွာ အထွက် ဂွ-ငါးသိုင်းချောင်းကားလမ်းပေါ်ရှိ တံတားထိပ်တွင် ဆိုင်ကယ်နှစ်စီးနှင့် လူ(၃)ယောက်မှ အထုပ်အပိုးများ သယ်ဆောင်လာသည်ကို မသင်္ကာမှုတွေ့ရှိရ၍  ရပ်တန့်စစ်ဆေးခဲ့ရာမှ သံထည်ပစ္စည်းများ ခိုးယူမှုပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာဒေါင့်ချောင်းကျေးရွာ အထွက် ဂွ-ငါးသိုင်းချောင်းကားလမ်းပေါ်ရှိ တံတားထိပ်တွင် အနက်ရောင်ဆိုင်ကယ်(ယာဉ်လိုင်စင် စိစစ်ဆဲ)တွင် မျိုးနိုင်(ခ) ငပေါက်၊(၄၈)နှစ်၊ရေလုပ်သား ၊ ကမ်းခြေဦး၊  အလယ်ရွာ၊ မြို့မရပ်ကွက်နေသူမှ မောင်းနှင်လာပြီး ဆိုင်ကယ်နောက်တွင် ပီနံအိတ် အထုပ်(၁)ထုပ် တင်ဆောင်၍ လည်းကောင်း၊ LUOJIA -110 အနက်ရောင်ဆိုင်ကယ်(နံပါတ်မပါ/ ယာဉ်လိုင်စင် စိစစ်ဆဲ)တွင် ထွန်းသန်း၊ (၄၆)နှစ်၊ ကျပန်း၊ ကမ်းခြေဦး၊ အလယ်ရွာ၊ မြို့မရပ်ကွက်နေသူမှ မောင်းနှင်ပြီး ဆိုင်ကယ်နောက်တွင် ၎င်း၏ဇနီးဖြစ်သူ  မစံပယ်ဦး (ခ) ကောက်ကောက် ၊ (၃၂)နှစ်၊ ကျပန်း၊ ကမ်းခြေဦး၊ အလယ်ရွာ၊ မြို့မရပ်ကွက်နေသူ  လိုက်ပါလျက် ၎င်းတို့နှစ်ဦးကြားတွင် ပီနံအိတ်ထုပ်(၁)ထုပ် တင်ဆောင်၍ လည်းကောင်း ငါးသိုင်းချောင်းဘက်မှ ဂွမြို့ဘက်သို့  ဖြတ်သန်းမောင်းနှင်လာသည်ကို တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းတို့သယ်ဆောင်လာသော ပီနံအိတ်များအတွင်းမှ သုံးမြှောင့် ဟင်ဂလန်ချောင်း အတို(၁၂)ချောင်း၊ မူလီပေါက်(၈)ပေါက်ပါ သံပြား(၁၁)ခု၊ လေးထောင့်ပုံသံပြား (၆)ပြား၊ တြိဂံပုံသံပြား (၈)ပြား၊ အရှည်(၆)လက်မခန့်ရှိသောမူလီ (၂၇)ချောင်း၊ (၂)လက်မခန့် မူလီအတို(၁၁၈)ချောင်း၊ ၂၄ လက်မ (ကွင်း/ ဂွ) (၂)ချောင်း၊ (၁၈/၁၉) လက်မ ဂွ (၁)ချောင်း၊ (၁၇)လက်မ(ကွင်း/ဂွ) (၁)ချောင်း၊ (၁၉)လက်မ (ကွင်း/ဂွ) (၁)ချောင်း၊ ဝက်အူလှည့်(၃)ချောင်းတို့ အား စစ်ဆေးတွေ့ရှိရပြီး ၎င်းတို့အား စစ်ဆေးမေးမြန်းရာ ၎င်းတို့သည် ဂွမြို့နယ်၊ ဒေါင့်ချောင်း ကျေးရွာ ဒေသအခေါ် ၁၄မိုင်အနီး တောတွင်းတစ်နေရာရှိ နေအိမ်ခြံဝန်းအတွင်းမှ ခိုးယူလာခြင်း ဖြစ်ကြောင်း  စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် တောတွင်းတစ်နေရာရှိ နေအိမ်ခြံဝန်းအတွင်းမှ သံထည် ပစ္စည်းများအား ခိုးယူလာကြသည့် ထွန်းသန်း၊ မျိုးနိုင်(ခ)ငပေါက်နှင့် မစံပယ်ဦး(ခ)ကောက်ကောက် တို့ (၃)ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုရေးဖွင့်ဆောင်ရွက် ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)